刘晓宇

မြန်မာ လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်မှုဖြစ်ခဲ့ပေမဲ့ ခရီးသည်နှင့် လေယာဉ်အဖွဲ့သားများ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိ

(GMT+08:00)2019-05-13 10:59:18  

图片默认标题_fororder_60334407_1249933155175662_2616963808706428928_n

图片默认标题_fororder_60345137_1249933151842329_8135367876300242944_n

        ယခုလ ၁၂ ရက်နေ့က Myanmar National Airlines လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်ခဲ့ရာ လေယာဉ်ဘီးချရာ Nose Landing Gear မကျ ကြောင်းတွေ့ရှိခဲ့ခြင်းကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ ယင်းသို့အရေးပေါ် ဆင်းသက်ခဲ့ရမှုကြောင့် ခရီးသည်နှင့် လေယာဉ်အဖွဲ့သားများ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ခရီးသည် ၈၂ ဦးနှင့် လေယာဉ်အဖွဲ့သား ၇ ဦး တင်ထားသော E190 ခရီးသည်တင်လေယာဉ်သည် ယခုလ ၁၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာပြီး ဒေသစံတော်ချိန် ၈ နာရီ မိနစ် ၂၀ တွင် မန္တလေးသို့ ရောက်ရှိရန် စီစဉ်ထားသည့် ခရီးစဉ်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။