徐敏霞

ထိုင်း ကက်ဘိနက်အဖွဲ့ဝင် ၁၅ ဦး ရာထူးမှ နုတ်ထွက်

(GMT+08:00)2019-05-12 10:15:44  

ထိုင်းနိုင်ငံ ကက်ဘိနက်အဖွဲ့ဝင် ၁၅ ဦးသည် မကြာမီက ရာထူးမှ နုတ်ထွက်ပြီ ဖြစ်ကြောင်း၊ ၄င်းတို့သည် ထိုင်း အထက်လွှတ်တော် အမတ်များ အဖြစ် တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မီဒီယာမှ သတင်းကို ကိုးကား၍ ဆင်ဟွာ သတင်းတွင် ရေးသားဖေါ်ပြထားပါသည်။

ယခုနှစ် မတ်လက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ထိုင်း ပြည်သူ့ နိုင်ငံတော် အင်အားပါတီသည် ဘရာယွတ်အား ပါတီ၏ ဝန်ကြီးချုပ် အရွေးခံရန် ပုဂ္ဂိုလ် အဖြစ် အမည် တင်သွင်းခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မတီမှ မကြာမီက ထုတ်ပြန်သော ရွေးကောက်ပွဲ မဲရေတွက်မှု ရလဒ်အရ ပြည်သူ့ နိုင်ငံတော် အင်အား ပါတီသည် အောက်လွှတ်တော်၌ လွှတ်တော် အမတ်နေရာ ၁၁၅ ခု ရရှိပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။