张晓宁

၁၆ကြိမ်မြောက်တရုတ်-အာဆီယံစီးပွားကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေး ဆက်သွယ်ရေးဝန်ထမ်းများအစည်းအဝေးကျင်းပ

(GMT+08:00)2019-05-10 14:06:45  

၁၆ကြိမ်မြောက်တရုတ်-အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေး ဆက်သွယ်ရေးဝန်ထမ်းများအစည်းအဝေးကို ယမန်နေ့ ၉ရက်နေ့က တရုတ်ပြည်ပီကင်းတွင်ကျင်းပခဲ့ကြောင်း၊ တရုတ်နှင့် အာဆီယံနိုင်ငံအသီးသီးရှိ စက်မှုနှင့်စီးပွားရေးနယ်ပယ်မှ ကိုယ်စားလှယ်များသည် ဒေသများအကြား စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ်မှုနက်ရှိုင်းစေရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး၍ နိုင်ငံများသည် သိပ္ပံနည်းပညာ၊ နိုင်ငံဖြတ်ကျော်အွန်လိုင်းကုန်သယ်မှု၊ ချောပို့လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစသော နယ်ပယ်များတွင် ဆန်းသစ်တီထွင်ပြီး ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းဖော်ပြခဲ့ကြသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။