张晓宁

ဟောင်ကောင်နှင့် အာဆီယံလွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို ဇွန်လမှစ၍ အာဏာတည်မည်

(GMT+08:00)2019-05-10 14:07:32  

 ယမန်နေ့၉ရက်နေ့က တရုတ်ပြည်ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဟောင်ကောင်နှင့်အာဆီယံအကြားချုပ်ဆိုသည့် လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်တွင် ဟောင်ကောင်နှင့် မြန်မာ၊ ဟောင်ကောင်နှင့် စင်ကာပူနှင့် ဟောင်ကောင်နှင့် ထိုင်းဆိုင်ရာအပိုင်းများကို ဇွန်လ၁၁ရက်နေ့မှစ၍ စတင်အာဏာတည်မည်ဖြစ်ကြောင်း၊ ကျန်သည့် အခြားအာဆီယံ၇နိုင်ငံဆိုင်ရာအပိုင်းများ အာဏာတည်မည့်ရက်စွဲကို အနာဂတ်တွင် သတ်မှတ်၍ ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။