马宁

ဘရူနိုင်းသို့ ခရီးလှည့်လည်သော နိုင်ငံခြားခရီးသည်များအနက် တရုတ်ခရီးသည်ဦးရေ အများဆုံးဖြစ်

(GMT+08:00)2019-05-10 14:38:42  

  ဘရူနိုင်းနိုင်ငံ ပဏာမအဆင့် အရင်းအမြစ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ၉ရက်နေ့ထုတ် စာရင်းတွင် ၂၀၁၈ခုနှစ်တွင် ဘရူနိုင်းသို့ ခရီးလှည့်လည်သော နိုင်ငံခြား ခရီးသည်များအနက် တရုတ် ခရီးသည်ဦးရေသည် အများဆုံးဖြစ်ကြောင်း ဖော်ပြသည်ဟု ဆင်ဟွာသတင်း အရ သိရပါသည်။

  အဆိုပါစာရင်းအရ ၂၀၁၈ခုနှစ် ဘရူနိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဘရူနိုင်းသို့ ရောက်ရှိခဲ့သော တရုတ်ခရီးသည်ဦးရေမှာ ၆၅၅၆၃ဦးရှိပြီး ဘရူနိုင်း၏ နိုင်ငံခြား ခရီးသည်ဦးရေ၏ ၂၃.၆ရာခိုင်နှုန်းရှိကြောင်း၊ သိရပါသည်။