张晓宁

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်ငှက်ပျောသီးတင်သွင်းမှု ပမာဏအများဆုံးလက်ခံသောနိုင်ငံဖြစ်လာ

(GMT+08:00)2019-05-08 16:01:32  

    ယမန်နေ့၇ရက်နေ့က ဖိလစ်ပိုင်စာရင်းအင်းဦးစီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်တွင် ၂၀၁၈ခုနှစ်၌ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်ငှက်ပျောသီး တင်သွင်းမှုပမာဏအများဆုံးလက်ခံသောနိုင်ငံ ပထမဆုံးအကြိမ်စာရင်းဝင်သွားပြီ ဖြစ်ကြောင်း၊ နောက်ဆုံးရအချက်အလက်များအရ ယမန်နှစ်က ဖိလစ်ပိုင်မှ ငှက်ပျောသီးတန်ချိန်ပေါင်း ၁၁၆.၆သောင်းကို တရုတ်သို့ တင်ပို့၍ ၂၀၁၈ခုနှစ်တွင် ဖိလစ်ပိုင်မှ ငှက်ပျောသီးတင်ပို့မှုပမာဏစုစုပေါင်း၏ ၃၇.၃ရာခိုင်နှုန်းဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၉၆မီလီယံခန့်ရှိကြောင်း ဖော်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

    ဖိလစ်ပိုင်စာရင်းအင်းဦးစီးဌာနမှ တာဝန်ခံဗေလီစ်က ယခုနှစ်များတွင် တရုတ်ပြည်သို့တင်သွင်းသော ဖိလစ်ပိုင်ငှက်ပျောသီးပမာဏ လျှင်မြန်စွာတိုးတက်နေ သဖြင့် တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံအကြား စီးပွားကုန်သွယ်ရေးဆက်ဆံမှု အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေပုံကို ဖော်ပြကြောင်း ပြောကြာခဲ့သည်ဟု သတင်းအရ သိရပါသည်။