张晓宁

ကမ္ဘောဒီးယား-တရုတ်သတင်းထောက်အသင်းဖနွမ်းပင်မြို့တွင် ဖွင့်လှစ်

(GMT+08:00)2019-05-07 15:17:20  

     ဒေသစံတော်ချိန် ယခုလ၆ရက်နေ့ ညက ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယား-တရုတ်သတင်းထောက် အသင်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း၊ ကမ္ဘောဒီးယားသတင်းရေးရာဝန်ကြီး ဂျိုကာနာရီ၊ ကမ္ဘောဒီးယားဆိုင်ရာ တရုတ်သံရုံးနိုင်ငံရေးသံမှူးဇော်ဝင်ရှင်းနှင့် ဒေသခံကမ္ဘောဒီးယားဘာသာနှင့် တရုတ်ဘာသာ မီဒီယာများမှသတင်းထောက် ကိုယ်စားလှယ်များသည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။
  ကမ္ဘောဒီးယားဆိုင်ရာ တရုတ်သံရုံးနိုင်ငံရေးသံမှူးဇော်ဝင်ရှင်းက  ကမ္ဘောဒီးယား-တရုတ်သတင်းထောက်အသင်းသည် နှစ်ဖက်မီဒီယာများအကြား နက်ရှိုင်းစွာနှီးနှောဖလှယ်သောပလက်ဖောင်းဖြစ်ပြီး နှစ်ဘက်ပြည်သူများအကြား ပိုမို သိရှိနားလည်ခြင်း၊ ချစ်ကြည်ရေးတိုးမြှင့်ခြင်း ပလက်ဖောင်းသစ်လည်းဖြစ်ရန် မျှော်လင့်ကြောင်း ပြောကြားသည်ဟု သတင်းအရ သိရပါသည်။