辛甜

တရုတ်ပညာရှင်များသည် မြန်မာနိုင်ငံ၌ သဗ္ဗေညုပထိုးတော်ကြီးပြုပြင်မွမ်းမံရေးလုပ်ငန်းကို ဆောင်ရွက်

(GMT+08:00)2019-05-07 14:08:02  

တရုတ်နိုင်ငံက ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ထိန်းသိမ်းကာကွယ် ရေးပညာရှင်များသည် မေလလဆန်းပိုင်းတွင် မြန်မာနိုင်ငံရှိ ပုဂံမြို့၌ ငလျင်ကြောင့် ပျက်စီးခဲ့သော သဗ္ဗေညုပုထိုး တော်ကြီးကို အရေးပေါ် ပြုပြင်မွမ်းမံပေးနေကြောင်း၊ ယင်းရှေးဟောင်းပုထိုးတော်ကြီးအတွက် မိုးရာသီ အရေးပေါ်ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

၂၀၁၆ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ ရစ်ခ်ျတာစကေး ၆.၈ အဆင့် ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ သဗ္ဗေညုပုထိုးတော်ကြီး အပါအဝင် စေတီ ပုထိုး ၃၀၀၊ ၄၀၀ခန့် ပျက်စီးခဲ့သည်။ယင်းနောက် တရုတ်ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ထိန်းသိမ်းကာကွယ်ရေးပညာရှင်များသည် ပုဂံမြို့သို့  အကြိမ်ပေါင်းများစွာ သွားရောက် လေ့လာကြည့်ရှုခဲ့ပြီး ပုထိုးတော်ကြီးပြုပြင်ရေး ပဏာမနည်းလမ်းကို တင်ပြခဲ့သည်။ ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တရုတ်-မြန်မာနှစ်ဖက်တို့သည် ပုဂံ၌ သဗ္ဗေညုပုထိုးတော်ကြီး ကူညီထောက်ပံ့ပြုပြင်မွမ်းမံရေး သဘောတူညီချက်ကို ချုပ်ဆိုခဲ့သည်။

တရုတ်ရှန်ရှီးပြည်နယ် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းထိန်းသိမ်းကာကွယ်ရေး သုတေသနဌာန၊ ရှန်ရှီးပြည်နယ် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ထိန်းသိမ်းကာကွယ်ရေး အင်ဂျင်နီယာကုမ္ပဏီလီမိတက်စသည့် ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်ရေးဌာ နမှ ပညာရှင်၂၁ ဦးတို့သည် ဧပြီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး အရေးပေါ် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ခဲ့သည်။အရေးပေါ်ပြုပြင် မွမ်းမံရေး လုပ်ငန်းများကို မေလ ၃၀ ရက်နေ့မတိုင်ခင် ပြီးဆုံးနိုင်ရန်ခန့်မှန်းကြောင်း သိရပါသည်။