张晓宁

ယခုနှစ်ပထမသုံးလပိုင်းတွင် အင်ဒိုနီးရှားစီးပွားရေးတိုးတက်မှုအရှိန်လျှော့နည်းလာ

(GMT+08:00)2019-05-07 15:15:22  

    ယမန်နေ့၆ရက်နေ့က အင်းဒိုနီးရှားဗဟိုစာရင်းအင်းဦးစီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်တွင် ယခုနှစ်ပထမသုံးလပိုင်း၌ အင်ဒိုနီးရှားပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုးမှာ ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၅.၀၇ရာခိုင်နှုန်းတိုးလာပြီး ယင်းတိုးနှုန်းသည် ဈေးကွက်ခန့်မှန်းချက်ထက်နည်းပြီး ၂၀၁၈ခုနှစ်စတုတ္ထ သုံးလပိုင်းက ထက်လျှော့နည်းလာကြောင်း ဖော်ပြသည်ဟု ဆင်းဟွာသတင်းအရ သိရပါသည်။