张晓宁

“မလေးရှားလူငယ်ခေါင်းဆောင်များ ချစ်ကြည်ရေး Belt & Road ခရီးစဉ်”လှုပ်ရှားမှုကို စတင်

(GMT+08:00)2019-05-06 16:05:58  

    မလေးရှားအလွှာပေါင်းစုံမှ လူငယ်ခေါင်းဆောင် ၂၀ကျော်တို့သည် ယမန်နေ့ ၅ရက်နေ့က ကွာလာလမ်ပူမြို့မှ ထွက်ခွာ၍ လာမည့်တစ်ပတ်အတွင်း တရုတ်ယင်ချွမ်းမြို့နှင့် ရှီးအန်းမြို့စသောနေရာများသို့ ခရီးလှည့်လည်ခြင်းဖြင့်  “မလေးရှား လူငယ်ခေါင်းဆောင်များ ချစ်ကြည်ရေး Belt & Road ခရီးစဉ်”လှုပ်ရှားမှုကို စတင်မည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

 လှုပ်ရှားမှုပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌဟွမ်ချင့်လွန်က ယင်းလှုပ်ရှားမှုသည် “ပိုးလမ်းမကြီး”ဟူသောဆောင်ပုဒ်ဖြင့် လူငယ်များလှည့်လည်မည်ဖြစ်ရာ ယင်ချွမ်းမြို့နှင့် ရှီးအန်းမြို့စသောနေရာများသည် “ပိုးလမ်းမကြီးစီးပွားရေးဇုန်”၏ သော့ချက်ကျသော နေရာများဖြစ်ကြောင်း၊ မလေးရှားလူငယ်ခေါင်းဆောင်များသည် မေလ ၁၁ရက်နေ့၌ ရှီးအန်းမြို့တွင် ဖွင့်လှစ်မည့် “စတုတ္ထအကြိမ်ပိုးလမ်းမကြီးနိုင်ငံတကာကုန်စည်ပြပွဲ”သို့ တက်ရောက်ကြမည်ဖြစ်ကြောင်း မိတ်ဆက်ခဲ့သည်ဟု သတင်းအရ သိရပါသည်။