徐敏霞

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးမှ ငြိမ်းချမ်းရေး ကော်မရှင်သို့ မော်တော်ယာဉ်များ ပေးအပ် လှူဒါန်း

(GMT+08:00)2019-05-04 09:49:05  

图片默认标题_fororder_2.JPG

图片默认标题_fororder_3.JPG

图片默认标题_fororder_1.JPG

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးမှ ငြိမ်းချမ်းရေး ကော်မရှင်သို့ မော်တော်ယာဉ် ၅ စီး ပေးအပ် လှူဒါန်း သည့် အခမ်းအနားကို မေလ ၃ရက်နေ့တွင် ရန်ကုန်မြို့ ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ကျင်းပ ပြုလုပ်ခဲ့သည်။

图片默认标题_fororder_4.JPG

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးမှ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က  “Belt and Roadသည် ငြိမ်းချမ်းရေးလမ်းကြောင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စု စည်းလုံးညီညွတ် တည်ငြိမ်ရေးကို အရေးကြီးသည်သာမက တရုတ် - မြန်မာ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် တရုတ် - မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မြှင့်တင်ရေး အတွက်လည်း အရေးကြီးပါကြောင်း၊  “တရုတ်သံရုံးမှ ယခု အကြိမ် ခရီးကြမ်းသုံး မော်တော်ယာဉ် ငါးစီး လှူဒါန်း ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရာမှာ အထောက်အကူဖြစ်စေဖို့နဲ့ မြင့်မြတ်တဲ့ ငြိမ်းချမ်းရေးတာဝန်ကို ပိုမို ကောင်းမွန်စွာ ထမ်းဆောင် နိုင်စေရန်ဖြစ်ကြောင်း  အခမ်းအနားတွင် ပြောကြားခဲ့သည်။

图片默认标题_fororder_7.JPG

သံအမတ်ကြီး မစ္စတာ ဟုန်လျန်က နောင်တွင်လည်း ငြိမ်းချမ်းရေး ကော်မရှင် နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကဏ္ဍ နှင့် ပတ်သက်၍ တတ်နိုင်သမျှ ထိုက်သင့်သည့် ကူညီမှုကို ဆက်လက် ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဆွေမျိုးပေါက်ဖော် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အတွင်း စစ်မှန်သော တည်ငြိမ် အေးချမ်းမှု ရရှိရေး အတွက် အမှန်တကယ် မျှော်လင့်ထားပါကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

图片默认标题_fororder_5.JPG

ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက လှူဒါန်းခဲ့မှု အပေါ် ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့ပြီး ယခုကဲ့သို့  လှူဒါန်းခြင်းသည် မိမိတို့ ကို လှူဒါန်းခြင်း သာမက ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

图片默认标题_fororder_6.JPG

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးက လှူဒါန်းထားသည့် Volvo မော်တော်ယာဉ် (၅) စီးကို ကြည့်ရှုစစ်ဆေးသည်။

图片默认标题_fororder_8.JPG

图片默认标题_fororder_9.JPG