徐敏霞

အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေး ကျင်းပ

(GMT+08:00)2019-05-03 09:32:12  

၂၂ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးကို ယခုလ ၂ ရက်နေ့က ဖှီဂျီနိုင်ငံ နာဒီမြို့၌ ကျင်းပ ခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် နိုင်ငံတကာနှင့် ဒေသတွင်း မက္ကရို စီးပွါးရေး အခြေအနေ၊ အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှု မျှော်မှန်းချက်နှင့် စနစ်များ ပြုပြင်ပြောင်းလဲမှု အကြောင်းများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း၊ အစည်းအဝေးတွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည်ဟု ဖေါ်ပြထားကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။