徐敏霞

ဖိလစ်ပိုင်နှင့် အင်ဒို ပင်လယ်ပြင် ပူးတွဲ ကင်းလှည့်၊ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှု တိုက်ဖျက်

(GMT+08:00)2019-05-03 10:24:33  

ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံ တပ်ဖွဲ့တို့သည် ယခုလ ၂ ရက်နေ့က ဖိလစ်ပိုင် တောင်ပိုင်း ဒါဗော်မြို့၌ အခမ်းအနား ပြုလုပ်ပြီး နှစ်နိုင်ငံ အနီးတဝိုက် ပင်လယ်ပြင်၌ ပူးတွဲ ကင်းလှည့်ကြပ်မတ်မှုကို စတင် ဆောင်ရွက်လိုက်ကြောင်း၊ ရည်ရွယ်ချက်မှာ ယင်းပင်လယ် ဒေသ၌ တစ်နေ့ထက်တစ်နေ့ ပြင်းထန်ဆိုးရွားလာနေသော ပင်လယ်ဓါးပြတိုက်မှု၊ မှောင်ခို ရောင်းဝယ်မှု အပါအဝင် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများနှင့် အကြမ်းဖက် ခြိမ်းခြောက်မှုများကို ဟန့်တား တိုက်ဖျက်ရန် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။