徐敏霞
Monday, 7  Apr 2025

လာအိုနိုင်ငံ နွန်ပင်ရွာ မူလတန်းကျောင်းမှ ကျောင်းသူကျောင်းသားနှင့် ဆရာ ဆရာမများသည် ရှီကျင့်ဖိန်၏ ပြန်စာ ရရှိ

(GMT+08:00)2019-05-02 10:04:32  

图片默认标题_fororder_老挝1

图片默认标题_fororder_老挝2

မကြာမီက လာအိုနိုင်ငံ တရုတ်-လာအို ချစ်ကြည်ရေး နွန်ပင်ရွာရှိ မူလတန်းကျောင်းမှ ကျောင်းသူကျောင်းသားနှင့် ဆရာ ဆရာမများသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား စာတစ်စောင် ရေးပို့ပြီး ရှီကျင့်ဖိန်သည် ကျောင်းသူကျောင်းသားများနှင့် ဆရာ ဆရာမများအား စာပြန်ပြီး ၄င်းတို့က တရုတ်-လာအို ချစ်ကြည်ရေး၏ မျိုးဆက်သစ် လက်ဆင့်ကမ်း တာဝန် ထမ်းဆောင်ရန် အားပေး ပြောကြားခဲ့ပါသည်။

နွန်ပင်ရွာ မူလတန်းကျောင်း ကျောင်းအုပ်ကြီး ပွန်မီက၊ ရှီကျင့်ဖိန်၏ ပြန်စာကို ရရှိသည့်အခါ မိမိတို့ လွန်စွာ စိတ်လှုပ်ရှားမိပါကြောင်း၊ ကလေးက ဖခင်ကို စာရေးပေးပြီးနောက် ဖခင်၏ ပြန်စာကို ရရှိသလို မိမိတို့ ခံစားမိပါကြောင်း ဝမ်းသာအားရစွာ ပြောကြား ပါသည်။

တာဒါနှင့် ကန်ကပ် အပါဝင် ကျောင်းသူကျောင်းသားများကလည်း၊ မိမိတို့သည် တရုတ် ယဉ်ကျေးမှုကို လွန်စွာ ကြိုက်နှစ်သက်ကြောင်း၊ မိမိတို့သည် ကြိုးကြိုးစားစား စာသင်ပြီး ကြီးပြင်းလာသည့်အခါ ပညာတော်သင်အဖြစ်ဖြင့် တရုတ်ပြည်ကို သွားရောက် ပညာသင်ယူကြမည် ဖြစ်ကြောင်း ပြောကြားပါသည်။