刘晓宇

မြန်မာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ကမ္ဘောဒီးယားသို့ ခရီး လှည့်လည်

(GMT+08:00)2019-05-01 10:05:15  

မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟုန်စိန်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယား၌ သုံးရက်ကြာ တရားဝင် ခရီး လှည့်လည်ရန် ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက ဖနွမ်းပင်မြို့သို့ ရောက်ရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဧပြီလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယားဘုရင် နိုရိုသွန် သီဟာမိုနီ၊ မယ်တော် မိုနီနယ်၊ အထက်လွှတ်တော် ဥက္ကဋ္ဌ စေချွန်၊ လွှတ်တော်ဥက္ကဋ္ဌ ဟိန်စမ်ရင်တို့နှင့် တွေ့ဆုံသည့်အပြင် ဝန်ကြီးချုပ် ဟုန်စိန်နှင့်လည်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်းဆန်းစုကြည်က ယင်းသည် မိမိ၏ ပထမဆုံး အကြိမ် ကမ္ဘောဒီးယား ခရီးစဉ် ဖြစ်ပြီး ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံ၏ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။