မကြာမီက လာအိုနိုင်ငံ တရုတ်-လာအို ချစ်ကြည်ရေး နွန်ပင်ရွာရှိ မူလတန်း ကျောင်းမှ ကျောင်းသူကျောင်းသားနှင့် ဆရာ ဆရာမ ကိုယ်စားလှယ်များသည် တရုတ်ပြည်၌ ကျင်းပခဲ့သော Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်၏ ပြည်သူများ ဆန္ဒချင်း ဆက်နွှယ်ရေး ဖိုရမ်ခွဲသို့ တက်ရောက်ခဲ့ကြပါသည်။ ယင်းမတိုင်မီက နွန်ပင်ရွာ မူလတန်းကျောင်းမှ ကျောင်းသူကျောင်းသားနှင့် ဆရာ ဆရာမ တစ်ရပ်လုံးသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား စာတစ်စောင် ရေးပို့ပြီး တရုတ်နိုင်ငံက နွန်ပင် မူလတန်းကျောင်းကို ထောက်ပံ့ကူညီ ဆောက်လုပ်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် Belt and Road တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်လိုကြောင်းကို ဖေါ်ပြထားပါသည်။ ရှီကျင့်ဖိန်သည် ကျောင်းသူကျောင်းသားများနှင့် ဆရာ ဆရာမများအား စာပြန်ပြီး ၄င်းတို့က တရုတ်-လာအို ချက်ကြည်ရေး၏ မျိုးဆက်သစ် လက်ဆင့်ကမ်း တာဝန် ထမ်းဆောင်ရန် အားပေး ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။