辛甜

တရုတ်နှင့်မြန်မာသတင်းစာဆရာများအသင်းတို့သည် Belt & Road သတင်းကူးလူးဖလှယ်ရေးသဘောတူညီချက် ချုပ်ဆို

(GMT+08:00)2019-04-30 12:55:59  

图片默认标题_fororder_1.JPG

图片默认标题_fororder_4

图片默认标题_fororder_2.JPG

图片默认标题_fororder_3.JPG

တရုတ်ပြည်လုံးဆိုင်ရာ သတင်းစာဆရာများအသင်းသည် ယခုလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ မြန်မာသတင်းစာဆရာများအသင်း၊ အထက်မြန်မာပြည်သတင်းစာဆရာများအသင်းတို့နှင့် Belt & Road သတင်းကူးလူးဖလှယ်ရေးသဘောတူညီချက်ကို အသီးသီး ချုပ်ဆိုခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

သဘောတူညီချက်အရ တရုတ်မြန်မာနှစ်နိုင်ငံတို့သည် သတင်းလောကမှ ချစ်ကြည်ရေး ကူးလူးဖလှယ်မှုကို တိုးမြှင့်ပြီး Belt & Road နှင့်ပတ်သက်၍ ပူးတွဲ သတင်းယူလှုပ်ရှားမှုကို ဆောင်ရွက်ကာ Belt & Road သတင်းစာဆရာများအဖွဲ့ဖိုရမ်ကို တက်ကြွစွာ ပါဝင်မည်ဟုသိရသည်။

တရုတ်ပြည်လုံးဆိုင်ရာ သတင်းစာဆရာများအသင်း အတွင်းရေးမှူးရုံးမှ အတွင်းရေးမှူး ဝမ်တုန်မေသည် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင်၊ အထက်မြန်မာပြည် သတင်းစာဆရာများအသင်းဥက္ကဋ္ဌ ဦးဌေးအောင်တို့နှင့် သက်ဆိုင်ရာ သဘောတူညီချက်ကို အသီးသီးချုပ်ဆိုခဲ့သည်ဟု သတင်းရရှိပါသည်။