徐敏霞

Belt and Road အတူ တည်ဆောက်ရေး ကမ်းလှမ်းချက်သည် အကျိုးသက်ရောက်မှု မျိုးစုံ ဖေါ်ဆောင်နိုင်ဟု ပညာရှင်များ ဆို

(GMT+08:00)2019-04-30 09:29:40  

ဒုတိယ အကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို မကြာမီက ပီကင်း၌ ကျင်းပပြီးစီးခဲ့ပါသည်။ ယခုအကြိမ် ဖိုရမ်တွင် အမျိုးအစား ၆ မျိုး အပါအဝင် လက်တွေ့ကျ အောင်ကျိုးရလဒ် ၂၈၀ ကျော်ကို ရရှိပြီး၊ စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ ရှိသည့် ပူးပေါင်းဆောင်ရွက်မှု စာချုပ်များကို ချုပ်ဆိုခဲ့ပါသည်။ ကျွမ်းကျင်ပညာရှင်များက၊ Belt and Road အတူ တည်ဆောက်ရေး ရည်မှန်းချက် လုပ်ငန်းများ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် လူမှုရေး နယ်ပယ်ရော၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး နယ်ပယ်ပါ နယ်ပယ်မျိုးစုံမှ အကျိုးသက်ရောက်မှုများ ဖေါ်ဆောင်စေမည်ဟု ယူဆကြပါသည်။

ချင်းဟွာ တက္ကသိုလ် နိုင်ငံတော် မဟာဗျူဟာ သုတေသနဌာန ဝါရင့် သုတေသီ မစ္စတာ တင်းယီဖမ်က၊ ယခုအကြိမ် ဖိုရမ်တွင် Belt and Road ကမ်းလှမ်းချက်သည် ပိုမို များပြားသော နိုင်ငံများ၏ ကြိုဆိုမှု ရရှိနေခဲ့ကြောင်း၊ လွန်ခဲ့သည့် အကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်တွင် ပူးပေါင်းဆောင်ရွက်ရေး ဆန္ဒဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ် ဖိုရမ်တွင် များသောအားဖြင့် အသေးစိတ် လက်တွေ့ကျ ဖေါ်ဆောင်ရေးဆိုင်ရာ စာချုပ်များ ချုပ်ဆိုခြင်း ဖြစ်ကြောင်း သုံးသပ်ထားပါသည်။ (ကျော့)