马宁

လီခေ့ချန်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟုန်စိန်နှင့် တွေ့ဆုံ

(GMT+08:00)2019-04-29 10:43:49  

  တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ၂၈ရက်နေ့က တျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟုန်စိန်နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

  တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးအစဉ်အလာ နက်ရှိုင်းကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် တရုတ်လုပ်ငန်းကုမ္ပဏီများ ကမ္ဘောဒီးယားနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အားပေးပြီး ကမ္ဘောဒီးယား၏ လယ်ထွက်ကုန်ပစ္စည်းများကို တိုးချဲ့ တင်သွင်းလိုကြောင်း၊ ကမ္ဘောဒီးယားသည် ၂၀၂၀ပြည့်နှစ် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးကို ကောင်းမွန်အောင် ကျင်းပနိုင်ရန် တရုတ်နိုင်ငံ အစွမ်းကုန် ထောက်ခံမည် ဖြစ်ကြောင်း လီခေ့ချန်က ပြောကြားပါသည်။

  ကမ္ဘောဒီးယားအနေနှင့် တရုတ် လုပ်ငန်းကုမ္ပဏီများ ကမ္ဘောဒီးယား၌ တိုးချဲ့ ရင်းနှီးမြှုပ်နှံရန်၊ ကမ္ဘောဒီးယား၊တရုတ်  ကံကြမ္မာအသိုက်အဝန်းကို အတူ ထူထောင်ရန် ကြိုဆိုကြောင်း ဟုန်စိန်က ပြောပါသည်။

  တွေ့ဆုံပွဲအပြီး လီခေ့ချန် နှင့် ဟုန်စိန်ရှေ့မှောက်၌ တရုတ်၊ကမ္ဘောဒီးယား ကံကြမ္မာ အသိုက်အဝန်း လုပ်ငန်းစဉ် စီမံကိန်း နှင့် နှစ်ဖက် ကုန်ထုတ်စွမ်းအား၊ အကောက်ခွန်ဌာန၊ ကုန်သွယ်ရေး နှင့် လယ်ယာစိုက်ပျိုးရေး စသော ပူးပေါင်းဆောင်ရွက်ရေးစာချုပ်များ ချုပ်ဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။