朱蕾

ဒုတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ဆိုင်ရာ ပါကစ္စတန် ပညာရှင် ချီးကျူးပြောဆို

(GMT+08:00)2019-04-29 14:43:10  

Belt and Road အဆိုပြုချက် အဆက်မပြတ်နက်ရှိုင်းဆောင်ရွက်လာသည်နှင့်အမျှ၊ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံသည်၊ ပါကစ္စတန်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရာ၌အရေးကြီး အင်​ဂျင်​ဖြစ်လာခဲ့သည်။ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ စွမ်းရည်တည်ဆောက်ရေး စင်တာ ဒု ဥက္ကဋ္ဌ Yasir Masood က၊ Belt and Road အဆိုပြုချက် လက်တွေ့ ဆောင်ရွက်ခဲ့သည့် ၆ နှစ်အတွင်း ပါကစ္စတန် စီးပွားရေးကို နက်ရှိုင်းစွာ ပြောင်းလဲစေ ခဲ့ကြောင်း၊ ဒုတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အခွင့်အခါညီမျှပြီး၊ စည်ပင်သာယာမှု အတူမျှဝေခံစားနိုင်သည့် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးခဲ့ကြောင်း  စီအာအိုင်သတင်းထောက်အား ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။