刘晓宇
Sunday, 18  may 2025

Belt and Road ထိပ်သီးဖိုရမ်၏ အောင်ကျိုးရလဒ်များအပေါ် ထိုင်းဝန်ကြီးချုပ် ကျေနပ်

(GMT+08:00)2019-04-29 10:18:34  

        ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ပီကင်းမြို့၌ ကျင်းပခဲ့သော ဒုတိယအကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်နှင့် စားပွဲဝိုင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် မိမိသည် ယခုအကြိမ် ထိပ်သီးအစည်းအဝေး အောင်ကျိုးရလဒ်များအပေါ် ကျေနပ်မိကြောင်း၊ ထိပ်သီးခေါင်းဆောင်များ စားပွဲဝိုင်းအစည်းအဝေးတွင် ပူးတွဲကြေညာစာတမ်း ထုတ်ပြန်ပြီး အစည်းအဝေးသို့ တက်ရောက်ကြသည့် ဘက်အသီးသီးတို့သည် Belt and Road တစ်လျှောက်ရှိနိုင်ငံများ ဘက်စုံ အပြန်အလှန်ဆက်သွယ်ထားပြီး ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း မီဒီယာအား ပြောကြားသည်။