辛甜

၁၀ကြိမ်မြောက် မြန်မာမြေဖွား ပင်လယ်ရပ်ခြားရောက် ပေါက်ဖော်သွေးချင်းများ ပြန်လည်တွေ့ဆုံပွဲကို မကာအို၌ ကျင်းပ

(GMT+08:00)2019-04-28 14:45:09  

မကာအို မြန်မာပြည်ဖွားတရုတ်အနွယ်ဖွားများ အပြန်အလှန်ကူညီထောက်ပံ့ရေး အသင်းမှ ကြီးမှူးကျင်းပသော ၁၀ကြိမ်မြောက် မြန်မာမြေဖွား ပင်လယ်ရပ်ခြားရောက် ပေါက်ဖော်သွေးချင်းများ ပြန်လည်တွေ့ဆုံပွဲကို ယခုလ ၂၇ ရက်နေ့က မကာအို၌ ကျင်းပခဲ့ရာ အမေရိကန်၊ မြန်မာ၊ ထိုင်း စသည့်နိုင်ငံ နှင့် ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသမှ ဧည့်သည်တော် ၆၀၀ ကျော်တို့ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည် ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။