တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် ယခုလ ၂၇ ရက်နေ့ က ဒုတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်နေသည့် နိုင်ငံခြားခေါင်းဆောင်များ၏ ဇနီးသည်များအား ဖိတ်ခေါ်ပြီး၊ တရုတ် ခွန်ချွန် အော်ပရာနှင့် ပီကင်းအော်ပရာ ပြသမှုများကို ကြည့်ရှုခဲ့ကြ သည်ဟု ဆင်ဟွာသတင်းအရသိရသည်။
ဇာတ်သဘင်များ ကြည့်ရှုခဲ့ပြီးနောက်၊ ဖုန်လိယွမ်က Belt and Road အတူ တည်ဆောက်ရေးတွင် ပါဝင်သည့် နိုင်ငံအသီးသီးတို့သည်၊ တစ်မူထူးသော ယဉ်ကျေးမှုများ ရှိကြောင်း၊ တရုတ်ပြည်အနေနှင့် နိုင်ငံအသီးသီးတို့နှင့် ယဉ်ကျေးမှုကူးလူးဖလှယ်ရေးနှင့် မှီငြမ်းပြုစုရေးကို အားဖြည့်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရ သည်။