刘晓宇

Belt and Road ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာကို အာဆီယံခေါင်းဆောင်များ ချီးကျူးကြ

(GMT+08:00)2019-04-28 14:37:56  

        ဒုတိယအကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ယခုလ ၂၇ ရက်နေ့က ပီကင်းမြို့၌ ကျင်းပပြီးစီးခဲ့ရာ ယင်းဖိုရမ်သို့ တက်ရောက်ကြသည့် နိုင်ငံအသီးသီးမှ ခေါင်းဆောင်တို့သည် Belt and Road အဆိုပြုချက်ကို အရည်အသွေး မြင့်မားစွာ အကောင်အထည်ဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှ ခေါင်းဆောင်များသည် ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်ပြီး ၄င်းတို့၏ Belt and Road ပူးပေါင်းဆောင်ရွက်မှုအပေါ် ထင်မြင်ချက်များသည် ရှေ့အလားအလာကို အလေးထားသော လက်တွေ့ကျကျ သဘောထားကို ပြသထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        မလေးရှားဝန်ကြီးချုပ် မဟာသီယာ-မိုဟာမက်က ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် တွေ့ဆုံခဲ့ရာ Belt and Road လက်တွဲတည်ဆောက်ရေးသည် နိုင်ငံအသီးသီးမှ အခြေခံအဆောက်အဦ နှင့် လမ်းပန်းဆက်သွယ်ရေး သယ်ယူပို့ဆောင်မှုပြဿနာများကို ဖြေရှင်းနိုင်သည့်အပြင် နိုင်ငံများအကြား ဖွံ့ဖြိုးရေး မညီမျှမှုကို ဖြေရှင်းပြီး ယဉ်ကျေးမှု ဆွေးနွေးရေးနှင့် ကူးလူးဖလှယ်ရေးကိုလည်း တိုးမြှင့်နိုင်ကြောင်း ပြောကြားသည်။

        ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံသည် တည်ဆောက်ရေးလုပ်ငန်းကို အားသွန်ခွန်စိုက် ဆောင်ရွက်နေလျက်ရှိပြီး တရုတ်လုပ်ငန်းကုမ္ပဏီများအနေနှင့် ဖိလစ်ပိုင်းနိုင်ငံ၌ ပိုပြီး ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ကြောင်း ပြောကြားသည်။