朱蕾

ရှီကျင့်ဖိန်သည် ဂျီဘူတီ သမ္မတ Guelleh နှင့် တွေ့ဆုံ

(GMT+08:00)2019-04-28 15:18:20  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၂၈ ရက်နေ့တွင် ပြည်သူ့ ခန်းမ ဆောင်ကြီး၌ ဂျီဘူတီနိုင်ငံ သမ္မတ Guelleh နှင့် တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ရှီကျင့်ဖိန်က တရုတ်- ဂျီဘူတီသံအဆက်အသွယ်ထားရှိခဲ့သည့် နှစ် ၄၀ အတွင်း နှစ်နိုင်ငံတို့သည်၊ ရိုးသားဖြူစင်ပြီး၊ တန်းတူညီမျှစွာ သဘောထားခဲ့ကြ သဖြင့်၊ အပြန်အလှန်ယုံကြည်ပြီး၊ ပူးပေါင်းဆောင်ရွက်ကြသော မိတ်ဆွေကောင်း၊ မိတ်ဖက် ကောင်းနှင့် ညီအစ်ကိုကောင်းများဖြစ်လာခဲ့ကြောင်း၊ တရုတ်ပြည်အနေနှင့်၊ ဂျီဘူတီနှင့် အတူ နှစ်နိုင်ငံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု အဆက်မပြတ်ဖွံ့ဖြိုးစေရန် တွန်းအားပေး လိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။