刘晓宇

ဒုတိယအကြိမ် Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်၏ မိန့်ခွန်ပြောကြားခြင်းကို နိုင်ငံတကာ မိသားစုကြီး ချီးကျူး

(GMT+08:00)2019-04-28 14:37:10  

        ယခုလ ၂၆ ရက်နေ့က ကျင်းပခဲ့သော ဒုတိယအကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်“သာယာလှပသော Belt and Road ရှေ့အလားအလာကို တက်ညီလက်ညီ ဖန်တီးတည်ဆောက်ကြစို့”ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် နိုင်ငံတကာမိသားစုကြီးက ယင်းမိန့်ခွန်းအပေါ် ချီးကျူးကြကြောင်း ဆင်ဟွာသတင်းအရ သိရပါည်။

        ဇမ်ဘီယာ နာမည်ကျော် တတ်သိပညာရှင်များအဖွဲ့ ကြီးကြပ်စစ်ဆေးရေးနှင့် သုတေသနပြုရေး စင်တာ အမှုဆောင်ဥက္ကဋ္ဌ ဘယ်နာဒက်-ဒက်ကာဇူလူက Belt and Road အဆိုပြုချက်သည် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ပေးနိုင်သော ပလက်ဖေါင်းတစ်ခုကို ဖန်တီးပေးပြီး အခြေခံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းရပ်များဖြင့် တစ်ကမ္ဘာလုံးကို ဆက်သွယ်ပေးကာ အာဖရိကတိုက်အား ဂလိုဘယ်ကုန်သွယ်စနစ်နှင့် ဆက်သွယ်ရန် အခွင့်အလမ်း ဖန်တီးပေးကြောင်း ပြောကြားသည်။

        ဂျာမဏီ ဒူအစ်ဘာဂ် စီးပွားရေး တိုးမြှင့်မှုဌာန ဌာနမှူး ရာလ်ဖ်-မိုအီရေက အပြန်အလှန် ဆက်သွယ်ရေးသည် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အားသစ်လောင်းပေးကြောင်း ပြောကြားသည်။