马宁

ရှီကျင့်ဖိန်က မလေးရှားဝန်ကြီးချုပ် မဟာသီယာနှင့် တွေ့ဆုံ

(GMT+08:00)2019-04-26 09:50:30  

图片默认标题_fororder_CqgNOlzCC_WAJdd-AAAAAAAAAAA971.900x758

  တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၅ရက်နေ့က ပြည်သူ့ခန်းမဆောင်ကြီး၌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာနှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

图片默认标题_fororder_CqgNOlzCC_WAAA1OAAAAAAAAAAA638.900x600

  “Belt and Road”ကို အတူတည်ဆောက်ရေးသည် တရုတ်နိုင်ငံအနေနှင့် ဘက်စုံ တံခါးဖွင့်ရန် တွန်းအားပေးနိုင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး အထူးသဖြင့် Belt and Road တစ်လျှောက်နိုင်ငံများအတွက် ပိုမိုကြီးမားသော အခွင့်ကောင်းများကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ တရုတ်နှင့် မလေးရှားတို့သည် “Belt and Road” အတူတည်ဆောက်ရေးအခြေခံ ခိုင်မာပြီး ရှေ့အလားအလာ ကောင်းမွန်ကာ နှစ်ဖက်တို့အနေနှင့် စီမံခန့်ခွဲမှုကို အားဖြည့်၍ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းကို တိုးချဲ့ပြီး အရည်အချင်းမြင့်မားစွာ ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေး  ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားပါသည်။