辛甜

ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားဒုသမ္မတကာလာနှင့်တွေ့ဆုံ

(GMT+08:00)2019-04-26 11:44:35  

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၂၅ ရက်နေ့က ပြည်သူ့ခန်းမဆောင်ကြီး၌ အင်ဒိုနီးရှားဒုတိယသမ္မတကာလာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည် ဟု ဆင်ဟွာသတင်းအရသိရသည်။

ရှီကျင့်ဖိန်သည် ကာလာကတဆင့်ပေးအပ်သော အင်ဒိုနီးရှားသမ္မတကျိုကို ကိုယ်တိုင်ရေးသားသော စာကို လက်ခံပြီး ကာလာအား သမ္မတကျိုကိုအပေါ် ရင်းနှီးစွာ နှုတ်ခွန်းဆက်သမှုကို တဆင့်ပြောကြားရန် မေတ္တာရပ်ခံခဲ့ပါသည်။ရှီကျင့်ဖိန်က ၂၁ ရာစုနှစ် ပင်လယ်ပြင်ပိုးလမ်းမကြီးသည် မိမိက အင်ဒိုနီးရှားနိုင်ငံသို့ ခရီးလှည့်လည်ရာတွင် တင်ပြခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံတို့သည် Belt & Road အတူတည်ဆောက်ရေး အခွင့်ကောင်းဖြင့် နှစ်ဖက်ဆက်ဆံရေးမှာ တိုးတက်မှုသစ် ရရှိခဲ့ပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုလည်း သိသာထင်ရှားကြောင်း ပြောကြားသည်။