徐敏霞

ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

(GMT+08:00)2019-04-25 09:39:19  

图片默认标题

  တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၄ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

  ထိုသို့ တွေ့ဆုံရာတွင်၊ ရှီကျင့်ဖိန်က၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် ဆွေမျိုး ပေါက်ဖေါ် ချစ်ကြည်ရေး အစဉ်အလာ နက်ရှို်င်းခိုင်မြဲပြီး ကံကြမ္မာ အသိုက်အဝန်း ဖြစ်ကြောင်း၊ အခြေအနေသစ်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေး အစဉ်အလာ ထွန်းကားလာအောင် ဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ကာ နှစ်နိုင်ငံ ဆက်ဆံမှု အဆက်မပြတ် တိုးတက်လာအောင် တွန်းအားပေးလိုပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီးပွါးရေး တိုးတက်ရေးနှင့် ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်ရေးလုပ်ငန်းကို ထောက်ခံပြီး၊ မြန်မာ အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းမှုကို ချီးကျူးပါကြောင်း ပြောကြားပါသည်။

图片默认标题

  ဆက်လက်ပြီး ရှီကျင့်ဖိန်က၊ မြန်မာအစိုးရသည် Belt and Road  ဖေါ်ဆောင်ရေး ဦးဆောင် ကော်မတီကို ဖွဲ့စည်းပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခြင်းကိုလည်း တရုတ်နိုင်ငံက မြင့်မားစွာ ချီးကျူး ပါကြောင်း ပြောကြားပါသည်။

  ဒေါ်အောင်ဆန်းစုကြည်ကလည်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုကို တရုတ်နိုင်ငံက အားပေးထောက်ခံခြင်းကို ကျေးဇူး တင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အစကတည်းကပင် Belt and Road ကမ်းလှမ်းချက်ကို ထောက်ခံပြီး Belt and Road သည် ဒေသတွင်းအတွက်ရော ကမ္ဘာကြီးအတွက်ပါ သုခချမ်းသာမှုများ ဆောင်ကြဉ်းပေးမည့်အပြင် မြန်မာနှင့် တရုတ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း နက်ရှိုင်းစေမည်ဟု ယုံကြည်ပါကြောင်း ပြောကြား ပါသည်။ (ကျော့)