၂၀၁၈ ခုနှစ် တရုတ်ပြည် ပတ်ဝန်းကျင်အခြေအနေနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ရည်မှန်းချက်များ ဖေါ်ဆောင်ရေး အစီရင်ခံစာကို ယခုလ ၂၁ ရက်နေ့က ပီကင်း၌ ထုတ်ပြန်ခဲ့ပါသည်။ အစီရင်ခံစာတွင်၊ ၂၀၁၈ ခုနှစ်တွင် တရုတ်ပြည် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေး လုပ်ငန်းတွင် အရေးကြီး တိုးတက်မှု ရရှိခဲ့ကြောင်း၊ ဂေဟ စနစ် အခြေအနေမှာ ထင်ရှားစွာ ပြန်လည် ကောင်းမွန်လာကြောင်း၊ လေထုနှင့် ရေ အရင်းအမြစ် အရည်အသွေး တစ်ဆင့်တိုး ကောင်းမွန်လာကြောင်း၊ မြေဆီလွှာဆိုင်ရာ ညစ်ညမ်းမှု ဖြစ်နိုင်ဖွယ်ရာ အန္တရာယ်များကို အခြေခံအားဖြင့် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း၊ ဂေဟစနစ် တစ်ခုလုံး အခြေအနေ တည်ငြိမ်ပါကြောင်း ရေးသားဖေါ်ပြထားပါသည်။
အစီရင်ခံစာတွင်၊ ၂၀၁၈ ခုနှစ်တွင် တရုတ်ပြည် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး ဆိုင်ရာ ရည်မှန်းချက် ၉ ရပ်စလုံးကို အကောင်အထည် ဖေါ်ဆောင်ခဲ့ပြီ ဖြစ်ပြီး ၁၃ ခုမြောက် ငါးနှစ်စီမံကိန်းပါ အစီအစဉ်များနှင့် ကိုက်ညီပါကြောင်း၊ တစ်ပြည်လုံး မြို့ပြ လေထု အရည်အသွေး ကောင်းမွန်သောရက် အရေအတွက်မှာ တစ်နှစ်တာလုံး၏ ၇၉့ ၃ ရာခိုင်နှုန်း ရှိပြီး လျာထားသည်ထက် ၀့ ၃ ရာခိုင်နှုန်း ပိုများပါကြောင်း၊ လေထုညစ်ညမ်းမှုဆိုင်ရာ PM2.5 စံမမီသော မြို့များ၌ PM2.5 ထူထပ်မှုနှုန်းမှာ ၁၀့ ၎ ရာခိုင်နှုန်း ကျဆင်းလာပြီး လျာထားသည်ထက် ၈့ ၎ ရာခိုင်နှုန်း ပိုမြင့်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံသည် လေထု အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းကို အဓိက လုပ်ငန်းတာဝန် အဖြစ် ထားပြီး ပြတ်ပြတ်သားသား တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။ (ကျော့)