辛甜

Belt & Road ----တရုတ်နိုင်ငံမှလာပြီး တစ်ကမ္ဘာလုံးကပိုင်ဆိုင်

(GMT+08:00)2019-04-22 15:18:36  

    图片默认标题_fororder_dailu1

     ၂၀၁၃ခုနှစ်က တရုတ်အမြင့်ဆုံးခေါင်းဆောင်ရှီကျင့်ဖိန်သည် Belt & Road ကမ်းလှမ်းချက်ကို တင်ပြခဲ့သည်။ ၆ နှစ်အတွင်း Belt & Road ဟာ လိုအင်ဆန္ဒမှနေ အဖြစ်မှန် ဖြစ်သွားပြီ။အာရှ၊ အာဖရိက၊ ဥရောပ၊ အို​ရှင်းနီး​ယား​၊ လက်တင်အမေရိကမှ  နိုင်ငံ ၁၂၆ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၉ ခု ဟာ တရုတ်နိုင်ငံနှင့် Belt & Road ပူးပေါင်းဆောင်ရွက်ရေးစာတမ်းကို လက်မှတ်ရေးထိုးခဲ့ပါသည်။

     Belt & Road ကမ်းလှမ်းချက်ပေါ်ထွက်ခြင်း

     လွန်ခဲ့သည့် နှစ် ၂၁၀၀ ကျော်က တရုတ်ဟန်မင်းဆက်ခေတ်က ကျန်းချယ်သည် ချစ်ကြည်ငြိမ်းချမ်းရေးတာဝန်ဝတ္တရားဖြင့် အလယ်အာရှကို နှစ်ကြိမ်သွားရောက်ခဲ့ပြီး တရုတ်နှင့် အလယ်အာရှနိုင်ငံအသီးသီးတို့အကြား ချစ်ကြည်ရေးတံခါးကို ဖွင့်လှစ်ကာ အရှေ့နှင့်အနောက်၊ ဥရောပနှင့်အာရှကို ဆက်သွယ်ထားသော ပိုးလမ်းမကြီးကို ဖွင့်လှစ်ခဲ့သည်။

စည်းလုံးညီညွတ်ပြီး အပြန်အလှန်ယုံကြည်ခြင်း၊ တန်းတူညီမျှဖြစ်ပြီး အပြန်အလှန်အကျိုးရှိစေခြင်း၊ သက်ညှာထောက်ထားပြီး အပြန်အလှန် အတုယူ​ခြင်း၊ ပူးပေါင်းဆောင်ရွက်ပြီး အတူအောင်မြင်စေခြင်းတို့ကို စွဲကိုင်လျှင် လူမျိုးမတူ၊ ကိုးကွယ်မှုမတူ၊ ယဉ်ကျေးမှုမတူသော နိုင်ငံများသည် ငြိမ်းချမ်းရေးကို အတူခံစားပြီး အတူဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း၊ မိမိတို့သည် ဆန်းသစ်တီထွင်သော ပူးပေါင်းဆောင်ရွက်ရေးပုံစံဖြင့် ပိုးလမ်းမကြီးစီးပွားရေးဇုန်ကို အတူတည်ဆောက်၍ ရကြောင်း ၂၀၁၃ခုနှစ် စက်တင်ဘာလက ရှီကျင့်ဖိန်သည် ကာဇတ်စတန်၌ ပိုးလမ်းမကြီး စီးပွားရေးဇုန်ကြံဆချက်ကို ပထမဆုံးအကြိမ်အဖြစ် တင်ပြခဲ့သည်။

图片默认标题_fororder_dailu

Belt & Road ဆိုတာဘာလဲ

Belt & Road ကြံဆချက်သည် သမိုင်းမှ အရင်းခံပြီး အဖြစ်မှန်အပေါ် မူတည်သောအတွေးအခေါ်ကြံဆချက်ဖြစ်သည်။ Belt & Road သည် ရှီကျင့်ဖိန်တင်ပြသော နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကမ်းလှမ်းချက်ဖြစ်ပြီး အခြေခံအဆောက်အဦတည်ဆောက်ရေးကို အဓိကထားကာ ဘက်ပေါင်းစုံ အပြန်အလှန်ဆက်သွယ်ရေးကို အားသစ်လောင်းပေး၍ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားသစ်ရှာကြံပြီး နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖေါင်းသစ်ဖန်တီးပေးခြင်းဖြစ်သည်။

ပိုးလမ်းမကြီးစိတ်ဓါတ်ဟူသည်မှာ------ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တံခါးဖွင့် သက်ညှာထောက်ထားခြင်း၊ အပြန်အလှန်အတုယူအပြန်အလှန်မှီငြမ်းပြုခြင်း၊ အပြန်အလှန် အကျိုးရှိစေပြီးအတူအောင်မြင်စေခြင်းတို့ဖြစ်သည်။

图片默认标题_fororder_dailu2

အတူညှိနှိုင်းဆွေးနွေး၊ အတူတည်ထောင်၊ အတူမျှဝေခံစားရေးမူဟူသည်မှာ------- ကိစ္စကောင်းတစ်ခုကို အားလုံးညှိနှိုင်းဆွေးနွေးပြီး လုပ်ဆောင်ခြင်း၊ ဘက်အသီးသီးတို့၏ အားသာချက်ကို အသုံးပြုပြီး ဘက်အသီးသီးတို့ တတ်နိုင်သမျှ ဆောင်ရွက်ခြင်း၊ တည်ဆောက်မှုအောင်ကျိုးရလဒ်သည်  ပြည်သူများကို ပိုမိုများပြား၊ ပိုမိုတရားမျှတစွာ အကျိုးဆောင်ပေးခြင်းတို့ဖြစ်သည်။

တရုတ်နိုင်ငံမှလာပြီး တစ်ကမ္ဘာလုံးကို အကျိုးဆောင်

Belt & Road ကမ်းလှမ်းချက်သည် တစ်နိုင်ငံတည်း လုပ်ဆောင်ခြင်းမဟုတ်ဘဲ ဘက်အသီးသီး အတူပါဝင်ရန် ကြိုဆိုခြင်းဖြစ်ကြောင်း၊ သြဇာခံနယ်ကို ရှာကြံခြင်းမဟုတ်ဘဲ နိုင်ငံအသီးသီး အတူဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံခြင်းဖြစ်ကြောင်း၊ အိမ်နောက်ပန်းခြံကို တည်ထောင်ခြင်းမဟုတ်ဘဲ နိုင်ငံအသီးသီး အတူခံစားကြသော ဥယျာဉ်သစ်ပန်းခြံကို တည်ထောင်ခြင်းဖြစ်ကြောင်း၊ Belt & Road ကမ်းလှမ်းချက်သည် တရုတ်နိုင်ငံက နိုင်ငံအသီးသီးပြည်သူများ တူညီသော အိပ်မက်ကို ရှေးရှုပြီး အတူစည်ပင်သာယာဝပြောရေးကို အကောင်အထည်ဖေါ်ရန် ကမ္ဘာအတွက် ပံ့ပိုးသည့် တရုတ်ကြံဆချက်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ဖူးသည်။

图片默认标题_fororder_dailu3

၆ နှစ်အတွင်း Great stone စက်မှုဇုန်စတင်တည်ဆောက်ရေး၊ Gwadar ဆိပ်ကမ်းတရားဝင်ဖွင့်လှစ်ခြင်း၊ လယ်ယာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံဖြတ်ကျော် အပြန်အလှန်ဆက်သွယ်ရေး၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန်တည်ဆောက်ရေးအစရှိသော Belt & Road တည်ဆောက်ရေးသည် နိုင်ငံအသီးသီး ဖွံ့ဖြိုးရေးမဟာဗျူဟာဆက်သွယ်ရေး၊ အစိုးရအကြားပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေးရုံသာမက မိမိတို့၏ နေထိုင်မှုဘဝကိုလည်း တဖြည်းဖြည်းပြောင်းလဲစေပါသည်။ ယခု မိတ်ဆွေသည် အာဖရိကတိုက် ပထမ လျှပ်​​​​စစ်​ဓာတ်​အားသုံး ရထားလမ်းဖြစ်သည့် Addis Ababa-Djibouti ရထားလမ်းတွင် ခုတ်မောင်းနေသော ရထားကို စီးနေတာဖြစ်ချင်ဖြစ်မယ်၊ အိမ်မှာ တရုတ်-ဥရောပရထားဖြင့် ပို့ဆောင်လာသော စားကောင်းဖွယ်ရာများကို မြည်းကြည့်နေတာဖြစ်ချင်ဖြစ်မယ်၊ Belt & Road လုပ်ငန်းဆိုင်ရာအလုပ်တစ်ခုကို ရယူတာဖြစ်ချင်ဖြစ်မယ်၊ ကုန်သွယ်ရေးစာချွန်လွှာတစ်ခုခုကို ခုတင်ပဲ လက်မှတ်ရေးထိုးတာဖြစ်ချင်ဖြစ်မယ်……..

အနာဂတ်ရည်မှန်းချက်

၂၀၁၈ခုနှစ် သြဂုတ်လက ရှီကျင့်ဖိန်သည် Belt & Road တည်ဆောက်ရေးလုပ်ငန်း ၅ နှစ်ပြည့် ဆွေးနွေးပွဲတွင် Belt & Road အတူတည်ဆောက်ရေးကို အရည်အချင်းမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုသို့ တွန်းအားပေးမည်ဟု ပြောကြားခဲ့သည်။

လာမည့် ၃၊ ၄ ရက်တွင် ဒုတိယအကြိမ် Belt & Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးများဖိုရမ်ကို ပေကျင်း၌ ကျင်းပမည်ဖြစ်ပြီး နိုင်ငံ ၃၇ နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များသည် ဖိုရမ်သို့ တက်ရောက်ကာ Belt & Road ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ ဝင်ရောက်မည်ဖြစ်သည်။