ချုံချင့်စန်းရှာရွှေ့ပြောင်းနေထိုင်သူများအထိမ်းအမှတ်ပြတိုက်ဟာ ချုံချင့်မြို့အကြီးစား အများပြည်သူ့အကျိုးဆောင် ယဉ်ကျေးမှုလုပ်ငန်းဖြစ်သလို တစ်နိုင်ငံလုံး တစ်ခုတည်းသော စန်းရှာရွှေ့ပြောင်းသူတစ်သန်းကို အထိမ်းအမှတ်ပြုဖို့ တည်ဆောက်တဲ့ သီးသန့် အထိမ်းအမှတ်ပြတိုက်ဖြစ်ကာ စန်းရှာရေလှောင်ကန်ဒေသ အရေးကြီးတဲ့ သမိုင်းကြောင်းယဉ်ကျေးမှုနဲ့ ရွှေ့ပြောင်းသူယဉ်ကျေးမှုကို သိမ်းဆည်း၊ ထိန်းသိမ်းကာကွယ်၊ပြသတဲ့စင်တာလည်းဖြစ်ပါတယ်။ လည်ပတ်ကြည့်ရှုသူများဟာ ပြသတဲ့ပစ္စည်းများကို သေချာစွာ ကြည့်ရှုနေပြီး စန်းရှာရွှေ့ပြောင်းသူများရဲ့ စိတ်ဓါတ်ကို ခံစားနေတယ်လို့ ဒီလ ၁၇ ရက်နေ့က စီအာအိုင်သတင်းထောက်က တွေ့ရပါတယ်။