ယခုလ ၁၅ရက်နေ့မှ ၁၇ ရက်နေ့အထိ တရုတ်-နိုင်ဂျီးရီးယား “ Belt and Road ” ပူးပေါင်းဆောင်ရွက်မှု ရလဒ်များပြပွဲနှင့် ဒုတိယကြိမ်မြောက် “ Belt and Road ” တရုတ်-နိုင်ဂျီးရီးယား လုပ်ငန်းဌါနများ ကူးလူးဖလှယ်ရေးပြပွဲကို အာဘူဂျာမြို့၌ ကျင်းပခဲ့ကြောင်း၊ ၄င်းပြပွဲတွင် ပြသသည့်ပစ္စည်းများ များပြားစုံလင်သလို ပြပွဲကာလအတွင်း တရုတ်-နိုင်ဂျီးရီးယားစီးပွား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို လည်း ကျင်းပခဲ့ကြောင်း၊ ယင်းသည် ပီကင်မြို့တွင် ကျင်းပမည့် ဒုတိယကြိမ်မြောက် “ Belt and Road ”နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်အတွက် ကြိုဆိုမှုအနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။