朱蕾

ဝမ်ယိသည် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ

(GMT+08:00)2019-04-17 15:22:20  

တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယခုလ ၁၆ ရက်နေ့က ပီကင်းတွင် ကျင်းပသည့် တရုတ်-မလေးရှားစတုတ္ထအကြိမ် မဟာဗျူဟာစေ့စပ် ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူးချုပ် ရှာလူလ်နှင့် တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ဝမ်ယိက တရုတ်ပြည်အနေနှင့်၊ ပီကင်းတွင် ကျင်းပမည့် ဒုတိယ အကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့်ဖိုရမ်သို့ ဝန်ကြီးချုပ် Mahathir ပါဝင်ခြင်းအပေါ် ကြိုဆိုပါကြောင်း၊ ၂ နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးရေး အနာဂတ်အပေါ် ယုံကြည်စိတ်အပြည့်အဝရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရ သည်။