辛甜

Belt and Road ပေါ်က မူလီ တစ်လုံး ဖြစ်ချင်တယ် --- တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်ရေးစင်တာက လူငယ်များ

(GMT+08:00)2019-04-17 11:47:45  

图片默认标题_fororder_luosi

နေ့စဉ် ညနေ ၆ နာရီခွဲမှာ လီကျင့်ချင်းက မန္တလေးရှိ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်ရေးစင်တာကို ရောက်ပြီး ၁၃ နာရီကြာ ညဆိုင်း အလုပ် စလုပ်တယ်။ ထိန်းချုပ်ရေးစင်တာက တာဝန်ခံ တစ်ဦး အဖြစ်နဲ့ သူဟာ မြန်မာနိုင်ငံမှာ ၆ နှစ်တိုင်တိုင် အလုပ် လုပ်နေပြီ၊ နေ့စဉ်နေ့တိုင်း လုပ်ဖေါ်ကိုင်ဖက်များနဲ့ အတူ ၇၉၃ ကီလိုမီတာ ရှည်လျားတဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းနဲ့ ၇၇၁ ကီလိုမီတာ ရှည်လျားတဲ့ ရေနံစိမ်း ပိုက်လိုင်းကို စောင့်ကြပ် ပေးနေပါတယ်။

ထိန်းချုပ်ရေးစင်တာက တာဝန်ခံ တစ်ဦး အနေနဲ့ ကျွန်တော် တာဝန်ကျ ပိုက်လိုင်းများ မှန်မှန် လည်ပတ်နိုင်ဖို့ အာမခံပေးရပါတယ်။ ဒါဟာ Belt and Road အတွက် ကျွန်တော်ရဲ့ အကျိုးပြု စွမ်းဆောင်ချက် အနည်းငယ် ဖြစ်တယ်လို့ လီကျင့်ချင်း ပြောတယ်။

တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဟာ Belt and Road ဆိုင်ရာ အဓိက လုပ်ငန်းစဉ် တစ်ရပ် ဖြစ်တယ်။ တရုတ်နဲ့ မြန်မာတို့ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံနမူနာ တစ်ရပ် ဖြစ်ပါတယ်။ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းများ လုံခြုံမှုရှိရှိ ပုံမှန် ဆက်တိုက် လည်ပတ်စေဖို့အတွက် သက်ဆိုင်ရာတို့ဟာ ပြီးပြည့်စုံတဲ့ စီမံခန့်ခွဲရေးစနစ်ကို သတ်မှတ်ပြီး ပိုက်လိုင်း လည်ပတ်မှု အခြေအနေကို ၂၄ နာရီမပြတ် အချက်အလက်များ တိုင်းတာနေတယ်၊ မန္တလေး ထိန်းချုပ်ရေး စင်တာရဲ့ နည်းပညာ ဝန်ထမ်း ၁၃ ဦးဟာ အဲဒီတာဝန်ပဲ ယူထားပါတယ်။

ဒီစနစ်ရဲ့ သတိပေးသံကို ကျွန်တော် ကျွမ်းဝင်နေပြီ၊ ညသန်းခေါင်မှာ လုပ်ဖေါ်ကိုင်ဖက်ရဲ့ ဖုန်း လာပြီး ပိုက်လိုင်း တစ်ခုခု ဖြစ်တယ်လို့ ပြောပြတဲ့ အခါ ကျွန်တော် တကယ် စိုးရိမ်တယ်၊ ဒါပေမယ့် ကျွန်တော်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက သက်ဆိုင်ရာ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်စွမ်း ရှိတာကို ကျွန်တော်လည်း သိတယ်။ ဒါကြောင့် ပိုက်လိုင်းများ နှစ်ပေါင်းများစွာ လည်ပတ်ပြီ၊ လုပ်ငန်းခွင် မတော်တဆမှု လုံးဝ မဖြစ်ဖူးဘူးလို့ လီကျင့်ချင်းက ပြောတယ်။

ဝန်ထမ်းတွေ ၂၄ နာရီ မပြတ် ထိန်းချုပ်ရေးစင်တာကို စောင့်ကြပ်ရတယ်၊ လူငယ် ၁၃ ဦး နှစ်ဦးစီ တွဲပြီး ၄ ရက်လျှင် နေ့ဆိုင်း ညဆိုင်း တစ်ခုစီ အလှည့်ကျတတ်တယ်။ ထိန်းချုပ်ရေးစင်တာနဲ့ အိပ်ဆောင်မှာ စကားပြောစက် တပ်ဆင်ထားပြီး၊ အရေးပေါ် ကိစ္စ ဖြစ်ပွါးရင် နည်းပညာဝန်ထမ်းနဲ့ အမြန်ဆုံး ဆက်သွယ်နိုင်ပါတယ်။

ညဆိုင်း အလုပ်လုပ်ပြီးနောက် အိပ်ချင်စိတ်တွေ အရမ်း ဖြစ်တတ်ပါတယ်၊ ဒါပေမယ့် တကယ် အိပ်မပျော် နိုင်ပါဘူး၊ အိပ်ရာ ဝင်ဖို့ အကောင်းဆုံးအချိန် လွန်သွားသလို ခံစားမိတယ်လို့ လျူပိုးက ပြောတယ်။

လျူပိုးက ၂၀၁၆ ခုနှစ် စက်တင်ဘာလက မြန်မာပြည်ကို လာရောက် အလုပ် လုပ်တာ ဖြစ်တယ်၊ ၂၀၁၇ ခုနှစ် ခွင့်ရက်ကာလမှာ ရည်စားနဲ့ အိမ်ထောင်ကျတယ်။ လက်ထပ် ပြီးနောက် လင်မယား နှစ်ဦးရဲ့ ဘဝ ချိုမြိန်မှု မခံစားရဘဲ မြန်မာရှိ ထိန်းချုပ်ရေး စင်တာကို ချက်ချင်း လာရောက်ရပြီး တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း ချောမွေ့စွာ လည်ပတ်ဖို့အတွက် ဆက်လက် လုပ်ပေးပါတယ်။ ဒီနေ့ လျူပိုးဟာ နေ့ဆိုင်း အလှည့်ကျတယ်။ နေဝင်ချိန်မှာ ဇနီးနဲ့ တွေ့ဆုံ စကား ပြောဖို့အတွက် သူက ကမန်းကတန်းနဲ့ အိပ်ဆောင် ပြန်တယ်။

ကျွန်တော်က ကိုယ့်ဆန္ဒ အလျောက် ဒီကို လာတာ ဖြစ်တယ်၊ လာပြီးနောက် ဇာတိရွာကို လွမ်းဆွတ်တယ်၊ တစ်ယောက်တည်း နိုင်ငံခြား ရောက်တာ ဖြစ်ပါရဲ့လို့ လျူပိုး ပြောတယ်။

ဝန်ထမ်းတိုင်း နိုင်ငံခြားမှာ ရှိပေမယ့် နွေးထွေးမှု ခံစားစေနိုင်ဖို့ အတွက် သက်ဆိုင်ရာတို့က အစွမ်းကုန် ဆောင်ရွက်ပေးပါတယ်၊ ကြက်တောင်ရိုက်ကွင်း၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘောကွင်းတွေ စသဖြင့် အဆောက်အအုံများ လုပ်ပေးတယ်၊ ပျော်ရွှင်ဖွယ်ရာ အားကစားပြိုင်ပွဲနဲ့ မိတ်ဆုံပွဲကို ပြုလုပ်ပေးတယ်၊ ဝန်ထမ်းများ မွေးနေ့ပါတီ လုပ်ပေးတယ်။

ကျွန်တော်တို့က လူတိုင်းရဲ့ မွေးနေ့ကို မှတ်သားထားတယ်၊ မွေးနေ့ ရောက်ရင် လုပ်ဖေါ် ကိုင်ဖက်အားလုံး မွေးနေ့ပါတီ လုပ်ပေးကြတယ်။ ဘေးနားမှာ အိမ်သူအိမ်သားများမရှိဘူး၊ လုပ်ဖေါ်ကိုင်ဖက်တွေသာ ရှိတယ် ဆိုတော့ ကျွန်တော်တို့က အဲဒီလို ချစ်မေတ္တာနဲ့ သာယာ လှပတဲ့ မွေးနေ့ပါတီကို လုပ်ပေးတာပါလို့ လီကျင့်ချင်းက ပြောတယ်။

စတုရန်းမီတာ ၃၊၄၊၅ ရာသာ ရှိတဲ့ ထိန်းချုပ်ရေးစင်တာမှာ နေ့စဉ်နေ့တိုင်း တူညီတဲ့ အလုပ် လုပ်တာ ပျင်းစရာကြီး ဖြစ်ပေမယ့် ဒီအလုပ်ဟာ အင်မတန် အရေးကြီးပါတယ်။ Belt and Road ဆိုင်ရာ လုပ်ငန်းစဉ်တိုင်းမှာ အဲဒီလို အကျိုးဆောင်ပေးတဲ့ ရိုးရိုးသာမန် ဝန်ထမ်းတွေ ရှိပါတယ်။ သူတို့ရဲ့ လူငယ်ဘဝမှာ ကိုယ့် ကြိုးပမ်းမှုနဲ့ ခေတ်သစ်မှာ တရုတ်ရုပ်သွင်ကို ကမ္ဘာကြီးအား ပြသပေးနေပါတယ်။

Belt and Road ဟာ ကြီးမြတ်တဲ့ လုပ်ငန်း တစ်ရပ် ဖြစ်တယ်၊ ကျွန်တော်တို့ဟာ Belt and Road ဆိုင်ရာ နိုင်ငံ တစ်နိုင်ငံရဲ့ လုပ်ငန်းစဉ် တစ်ခုရဲ့ မူလီ သေးသေးလေး တစ်ခုလို ဖြစ်တယ်။ Belt and Road ဟာ စက်ကြီး တစ်ခုလို ဖြစ်တယ်။ မူလီ ပြတ်သွားရင် စက်လည်း လည်ပတ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ တာဝန်ဟာ မူလီလို အလုပ်တွေကို ကောင်းအောင် လုပ်ဆောင်ပေးဖို့ပဲ ဖြစ်တယ်လို့ လီကျင့်ချင်းက ပြောတယ်။

နံနက် ၇ နာရီခွဲ၊ ရုံးတက်ရုံးဆင်းချိန် ဖြစ်တယ်၊ ခါတိုင်းလိုပဲ ပိုက်လိုင်းတွေမှာ မူမမှန်တာတွေ မရှိဘူး၊ လီကျင့်ချင်းကလည်း စိတ်ချပြီး အိပ်ဆောင်ပြန် အနားယူမယ်၊ အလုပ် ဆက်လုပ်မယ့် လုပ်ဖေါ်ကိုင်ဖက်တွေဟာ အဲဒီ စွမ်းအင် ပိုက်လိုင်းကို ဆက်လက် စောင့်ကြပ်ပေးမယ်။