徐敏霞

(Belt and Road အဆင့်မြင့်ဖိုရမ်) တရုတ်စံနှုန်းဖြင့် အာဖရိက အကြီးဆုံး ကြိုးတံတားကို ဆောက်လုပ်

(GMT+08:00)2019-04-15 10:14:21  

图片默认标题_fororder_1.中国路桥工程有限责任公司建设的马普托大桥通车后,极大便利了马普托湾两岸交通,成为莫桑比克纵贯南北、连接南非的交通主干道的重要组成部分。

မိုဇမ်းဘစ် နိုင်ငံဟာ Belt and Road တည်ဆောက်မှုလုပ်ငန်းမှာ တက်တက်ကြွကြွာ ပါဝင် ဆောင်ရွက် နေပြီး တရုတ် လုပ်ငန်းကုမ္ပဏီမှ ကန်ထရိုက်ယူ ဆောက်လုပ်ပေးတဲ့ မာပူတို ကြိုးတံတားကြီးနဲ့ သက်ဆိုင်ရာ ချိတ်ဆက်ရေး လုပ်ငန်းများဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံက မိုဇမ်းဘစ်နိုင်ငံမှာ ဆောက်လုပ်ခဲ့တဲ့ အကြီးဆုံး အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်း ဖြစ်ပါတယ်။ မာပူတို ကြိုးတံတားကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ အောင်မြင်စွာ ဆောက်လုပ်နိုင်ခဲ့ပြီး တရားဝင် အသုံးပြုနိုင်ခဲ့ပါတယ်။ အဲဒီ တံတားကြီးဟာ မိုဇမ်းဘစ်နိုင်ငံရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားပြီး ဒေသခံများရဲ့ စီးပွါးရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပါတယ်။

အာဖရိကမှာ အကြီးဆုံး ကြိုးတံတား ဖြစ်တဲ့ မာပူတို ကြိုးတံတားကြီးကို တရုတ် စံချိန်စံနှုန်း အရ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ဒီဇိုင်းရေးဆွဲခြင်းနဲ့ ဆောက်လုပ်ခြင်း အားလုံးကို စံချိန်စံနှုန်းမီ အရည်အသွေး မြင့်မားအောင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ (ကျော့)