朱蕾

တရုတ်၊ မလေးရှားလုပ်ငန်းကုမ္ပဏီများသည် ရထားလမ်းဆိုင်ရာ ဖြည့်စွက်သဘောတူ စာချုပ် ချုပ်ဆို

(GMT+08:00)2019-04-15 13:40:47  

တရုတ်လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကုမ္ပဏီနှင့် မလေးရှားနိုင်ငံ ရထားလမ်း ကုမ္ပဏီ လီမိတက်မှ တာဝန်ခံများသည်၊ မကြာခင်က အရှေ့ပင်လယ်ကမ်းခြေ ဒေသ ရထားလမ်းအစီအစဉ်ဆိုင်ရာ  ဖြည့်​စွက်သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး၊ အရှေ့ပင်လယ် ကမ်းခြေဒေသ ရထားလမ်း ဆက်လက်ဆောက်လုပ်ရေးနှင့် စပ်လျဉ်း၍ သဘောတူညီမှု ရရှိခဲ့ကြကြောင်း တရုတ်နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ ၁၄ ရက်နေ့ထုတ်သတင်းကို ကိုးကား၍ တရုတ်သတင်းဌာနကရေးသား ဖော်ပြသည်။

ယင်းဖြည့်စွက်သဘောတူစာချုပ်အရ အရှေ့ပင်လယ်ကမ်းခြေဒေသ ရထားလမ်း၏ စုစုပေါင်း ကုန်ကျစရိတ်မှာ တရုတ်ယွမ်ငွေ ၇၁.၁ ဘီလီယံဖြစ်ပြီး၊ ရထားလမ်း၏ စုစုပေါင်းအရှည်မှာ ကီလိုမီတာ ၆၄၀ ဖြစ်ကာ၊ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆောက်လုပ်ပြီးမြောက်သွားမည်ဟု သတင်းအရသိရသည်။