徐敏霞
Saturday, 24  may 2025

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် အလွှာပေါင်းစုံနှင့် အတူ သင်္ကြန်ပွဲ အခမ်းအနား ပြုလုပ်

(GMT+08:00)2019-04-13 10:09:35  

ယခုလ ၁၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးသည် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း အပါအဝင် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ် ၂၀၀ ကျော်တို့နှင့် အတူ သင်္ကြန်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မြန်မာ နှစ်သစ် သင်္ကြန်ပွဲကို ယခုလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ စုစုပေါင်း ငါးရက်ကြာ နွှဲပျော်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။