马宁

မွန်ပြည်နယ်ရှိ သထုံ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

(GMT+08:00)2019-04-08 13:18:56  

  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၅ရက်နေ့က မွန်ပြည်နယ် သထုံမြို့ရှိ တရုတ် စွမ်းအင် အင်ဂျင်နီယာ ကုမ္ပဏီ အုပ်စု(Energy China)မှ တာဝန်ယူ တည်ဆောက်သော သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံ စတင်လည်ပတ်မှု ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အားပေးနိုင်စွမ်းကို တိုးမြှင့်ရန်အတွက် တရုတ်နိုင်ငံ၏ အထောက်အကူကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

图片默认标题_fororder_1904061350058092439

  မျက်မှောက်တွင် မြန်မာနိုင်ငံ ဒေသများစွာ၌ လျှပ်စစ်ဓါတ်အားမရသေးကြောင်း၊ တိုတောင်းသော အနာဂတ်တွင် မြန်မာပြည်သူပြည်သားအားလုံး လျှပ်စစ်ဓါတ်အား သုံးစွဲရရှိနိုင်ရန် မျှော်လင့်ကြောင်း၊ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားပေးစွမ်းနိုင်မှုကို တိုးမြှင့်ရရှိစေပြီး မြန်မာ ပြည်သူ ပြည်သားများအား ချမ်းသာသုခကို ဆောင်ကြဉ်းလာစေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

  မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံ တည်ရှိသော မွန်ပြည်နယ်၌ ပြည်သူလူထု ရာခိုင်နှုန်း၅၀ခန့်သည် လျှပ်စစ်ဓါတ်အားသုံးစွဲခွင့် မရသေးကြောင်း၊ ယင်းလုပ်ငန်းသည် ၎င်းဒေသ၌ လျှပ်စစ်ဓါတ်အားသုံးစွဲရေး တင်းမာမှု အခြေအနေကို လျော့ပါးစေရုံသာမက မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အားရရှိစေရေးအတွက် အထောက်အကူဖြစ်ကြောင်း ပြောကြားပါသည်။