邹立莹

Chibooks စာအုပ်ဆိုင်ခွဲ ဟနွိုင်းမြို့၌ ဖွင့်လှစ်

(GMT+08:00)2019-04-08 15:14:37  

      ဧပြီလ ၆ ရက်နေ့က Chibooks စာအုပ်ဆိုင်ခွဲ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ စာအုပ်ဆိုင်သည် Le Chi Culture and Communications ကုမ္ပဏီ ဟနွိုင်းမြို့၌ ဖွင့်လှစ်သော ပထမဆုံး စာအုပ်ဆိုင်ဖြစ်ကြောင်း၊ စာအုပ်ဆိုင်တွင် နိုင်ငံအသီးသီးမှ စာအုပ် ၄၀၀ ကျော်၌ တရုတ်နာမည်ကျော်ကြားသော စာရေးဆရာ မိုရမ်၊ ချောင်းဝန်ရွှမ်း စသည့် စာရေးဆရာများ၏ ဗီယက်နမ် ဘာသာပြန်ထားသော တရုတ်စာအုပ်များပါဝင်ကြောင်း၊ Le Chi Culture and Communications ကုမ္ပဏီ အ​ထွေ​ထွေ​မန်​နေ​ဂျာသည် တရုတ်ပြည်တွင် ၄ နှစ်ကြာ ပညာသင်ခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။