宋冉

တရုတ်-ဗီယက်နမ်ကလေးလူငယ်များယဉ်ကျေးမှုနှင့်အနုပညာကူးလူးဖလှယ်ရေးလှုပ်ရှားမှုကို ဗီယက်နမ်တွင် ကျင်းပ

(GMT+08:00)2019-04-03 15:51:53  

တရုတ်စုန့်ချင့်လင်ရန်ပုံငွေမှPeace Angelအနုပညာအဖွဲ့နှင့် ဗီယက်နမ်  လိုမိုနိုကဇိုမ် မူလတန်းကျောင်းတို့မှ ပူးတွဲကျင်းပသော တရုတ်-ဗီယက်နမ် ကလေးလူငယ်များယဉ်ကျေးမှု ကူးလူဖလှယ်ရေးလှုပ်ရှားမှုကို ယခုလ၂ရက်နေ့မှ ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့၌ ကျင်းပခဲ့ကြောင်း ၊ ၁၂ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုဥက္ကဋ္ဌ၊ တရုတ်စုန့်ချင့်လင်ရန်ပုံငွေဥက္ကဋ္ဌ ဝမ်ကြားရွေ့၊ ဗီယက်နမ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ရှုန်ဘို၊ ဗီယက်နမ်-တရုတ် ချစ်ကြည်ရေးအသင်းဒုဥက္ကဋ္ဌ နူယန်ဗင်ကွမ်နှင့် ဗီယက်နမ်ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားဝန်ကြီးဌါနမှ ကိုယ်စားလှယ်များ၊ တရုတ်နှင့်ဗီယက်နမ်နှစ်နိုင်ငံမှ ကလေးလူငယ်များစုစုပေါင်း ၁၀၀ကျော်တို့သည် ယခုအကြိမ်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြကြောင်း စီအာအိုင်သတင်းအရသိရပါသည်။