徐敏霞

အာရှမီဒီယာများသည် အာရှအသံကို အတူ ဖေါ်ပြသင့်ဟု မြန်မာ ဒီမိုကရေစီဒီလှိုင်း အယ်ဒီတာချုပ် ဆို

(GMT+08:00)2019-03-30 10:42:41  

图片默认标题_fororder_亚洲呻吟

မြန်မာနိုင်ငံ ဒီမိုကရေစီဒီလှိုင်း အယ်ဒီတာချုပ် မုန်ရွာအောင်ရှင်က၊ အာရှ မီဒီယာများ အနေနှင့် ပူးပေါင်းဆောင်ရွက်ပြီး၊ အနောက်နိုင်ငံ မီဒီယာများ၏ လက်ဝါးကြီးအုပ်မှုကို ဖေါက်ဖျက်ပြီး အာရှအသံကို အသံ ဖေါ်ပြသင့်ကြောင်း ယခုလ ၂၉ ရက်နေ့က တရုတ်ပြည် ဟိုင်းနန်ပြည်နယ် ပိုအော်မြို့၌ ပြောကြားပါသည်။

ပိုအော် အာရှဖိုရမ် ၂၀၁၉ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး၏ ဖိုရမ်ခွဲ ဖြစ်သည့် အာရှ မီဒီယာများ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး တက်ရောက် ပြီးနောက် စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ၄င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။