徐敏霞

ပိုမို တံခါးဖွင့်သော တရုတ်ပြည်သည် အာရှနိုင်ငံများအဖို့ ကြီးမားသော ဖွံ့ဖြိုးရေး အခွင့်အလမ်း ဖြစ်သည်ဟု မြန်မာ ဒီမိုကရေစီဒီလှိုင်း အယ်ဒီတာချုပ် ဆို

(GMT+08:00)2019-03-30 10:41:40  

图片默认标题_fororder_跟家

ယခုလ ၂၈ ရက်နေ့က ကျင်းပသော ပိုအော် အာရှဖိုရမ် ၂၀၁၉ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး၏ ဖွင့်ပွဲ အခမ်းအနားတွင်၊ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ပြီး အကျိုးတူ ဖွံ့ဖြိုးတိုးတက်မှုကို ဖေါ်ဆောင်ကြစို့ ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သော မြန်မာနိုင်ငံ ဒီမိုကရေစီဒီလှိုင်း အယ်ဒီတာချုပ် မုန်ရွာအောင်ရှင်က၊ ပိုမို တံခါးဖွင့်သော တရုတ်ပြည်သည် အာရှနိုင်ငံများအဖို့ ကြီးမားသော ဖွံ့ဖြိုးရေး အခွင့်အလမ်း ဖြစ်ကြောင်း စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားပါသည်။ ၄င်းက၊ စီးပွါးကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး ဆိုင်ရာ တရုတ်ပြည်၏ ခံယူချက်ကို မိမိ ထောက်ခံပါကြောင်းလည်း ပြောဆိုပါသည်။