马宁

စင်္ကာပူဝန်ကြီးချုပ်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုငိငံတကာ ဆက်ဆံရေးဝန်ကြီး နှင့် တွေ့ဆုံ

(GMT+08:00)2019-03-26 12:56:03  

  စင်္ကာပူနိုင်ငံ ပြည်သူ့ ဆောင်ရွက်ရေး ပါတီ အတွင်းရေးမှူးချုပ်၊ အစိုးရ ဝန်ကြီးချုပ် လီရှန်လွန်းသည် မတ်လ၂၅ရက်နေ့က အလည်အပတ်ရောက်ရှိသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး စွန်ထောနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

  တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူ့ ဆောင်ရွက်ရေး ပါတီနှင့်အတူ နှစ်နိုင်ငံပါတီ နှင့် နိုင်ငံတော် ခေါင်းဆောင်များ၏ သဘောတူညီချက်များကို လက်တွေ့ကျဖော်ဆောင်ပြီး Belt and Road မူဘောင်အောက်တွင် ဖွံ့ဖြိုးရေးမဟာဗျူဟာ ညီညွတ်စေရေးကို နက်ရှိုင်းစေ၍ နှစ်ဖက် ဆက်ဆံရေး နှင့် နယ်ပယ်အသီးသီး၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်သစ်သို့ ရောက်ရှိရန် တွန်းအားပေးလိုကြောင်း ထိုသို့ ဆွေ့ဆုံနှုတ်ဆက်ရာတွင် စွန်ထောက ပြောကြားပါသည်။

  စင်္ကာပူသည် စင်္ကာပူ-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားပြီး တရုတ်နှင့် အာဏာရပါတီ ကူးလူးဖလှယ်ရေးကို နွေးထွေးစေပြီး Belt and Road မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ကာ စင်္ကာပူ-တရုတ် ဆက်ဆံရေးကို ခေတ်ကာလနှင့်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း လီရှန်လွန်းက ပြောပါသည်။