宋冉

“ရွှေနဂါး-၂၀၁၉” တရုတ်-ကမ္ဘောဒီးယားပူးတွဲစစ်ရေးလေ့ကျင့်ပွဲ၏ အကြမ်းဖက် ပူးတွဲတိုက်ခိုက်ရေးလေ့ကျင့်ပွဲကို ကျင်းပ

(GMT+08:00)2019-03-26 15:36:38  

ဒေသစံတော်ချိန် ယခုလ၂၅ရက်နေ့က “ရွှေနဂါး-၂၀၁၉” တရုတ်-ကမ္ဘောဒီးယားပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဂွန်ဘုပြည်နယ တောင်တန်းဒေသအကြမ်းဖက်တိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်ပွဲကို ကျင်းပခဲ့ကြောင်း၊ ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဘန်ဒီ၊ တရုတ်တောင်ပိုင်းစစ်နယ်ဒုဦးစီးချုပ် ဗိုလ်ချုပကျန်ဟိုင်ချင်၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်းဝင်ထျန်နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ နိုင်ငံများမှ စစ်သံမှူးများသည် ဖိတ်ကြားချက်အရ ယခုအကြိမ်စစ်ရေးလေ့ကျင့်ပွဲသို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

ယခုအကြိမ်တရုတ်-ကမ္ဘောဒီးယားပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို ယခုလ၁၃ရက်နေ့က စတင်ကျင်းပပြီး “ အကြမ်းဖက်တိုက်ခိုက်ရေးပူးတွဲစစ်ရေးလေ့ကျင့်ပွဲ၊ လူသားချင်းစာနာ ထောက်ထားမှုကယ်ဆယ်ရေး”ကို ဆောင်ပုဒ်အဖြစ်ထားပါကြောင်း သတင်းရရှိပါသည်။