邹立莹

ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ တရုတ်သံရုံးသည် Ateneo de Manila တက္ကသိုလ်အား စာအုပ်များနှင့် multimedia စာသင်ခန်းကို လှူဒါန်း

(GMT+08:00)2019-03-26 15:30:11  

ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ တရုတ်သံရုံးသည် ဖိလစ်ပိုင် Ateneo de Manilaတက္ကသိုလ်အား စာအုပ်များနှင့် multimedia စာသင်ခန်း လှူဒါန်းခြင်း အခမ်းအနားကို ယခုလ ၂၅ရက်နေ့ညနေပိုင်းက Ateneo de Manila တက္ကသိုလ်စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ တရုတ်သံရုံး၊ Ateneo de Manila တက္ကသိုလ်၊ HUAWEI TECHNOLOGIES ကုမ္ပဏီ စသည်များမှ ကိုယ်စားလှယ် တစ်ရာကျော် ၄င်းပွဲသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

      ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ယာ​ယီတာဝန်ခံ ထန်းချင်းရှန်းက တရုတ် နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ချစ်ခင်ရင်းနှီးသော အိမ်နီချင်းနိုင်ငံများဖြစ်ကြောင်း ယခုအကြိမ် လှူဒါန်းမှုသည် Ateneo de Manila တက္ကသိုလ် ကျောင်းသူကျောင်းသားမျာ၏ စာသင်ခြင်းနှင့် နိုင်ငံတကာ ကူးလူးဖလှယ်ခြင်းလှုပ်ရှားမှုကို ကောင်းမွန်သော နည်းပညာကျားကန်ပေးမှု ထောက်ပံ့ကူညီပေးနိုင်မည်ဟု ယုံကြည်ကြောင်းပြောကြား သည်ဟု သတင်းအရ သိရပါသည်။