ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကို မတ်လ ၂၄ရက်နေ့က ကျင်းပခဲ့ကြောင်း၊ ယင်း သည် ထိုင်းနိုင်ငံ စစ်ဖက်က အာဏာသိမ်းပြီးနောက် ကျင်းပသော ပထမအကြိမ် အထွေထွေ ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ ၂၅ရက်နေ့က အထွေထွေရွေးကောက်ပွဲ၏ မဲ ၉၅ရာခိုင်နှုန်းကို ပဏာမအားဖြင့် မဲရေတွက်ပြီးနောက် ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကျင်းပရေး ကော်မတီမှ ထုတ်ပြန်သော ရလဒ်အရ ပြည်သူ့ အင်အား ပါတီသည် မဲအများဆုံး ရရှိပြီး Pheu Thai (for Thais) ပါတီသည် အောက်လွှတ်တော်အမတ်နေရာ အများဆုံး ရရှိကြောင်း၊ နောက်ဆုံးရလဒ်ကို မေလ ၉ရက်နေ့မတိုင်မီတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။