ဗီယက်နမ်နိုင်ငံလူမှုရေး သိပ္ပံပညာတံခွန်အသင်းမှ ဦးစီးပြုလုပ်သော ဗီယက်နမ်ဘာသာပြန်《တရုတ်ယဉ်ကျေးမှု၏ အမြုတေတန်ဖိုး》စာအုပ် ဖြန့်ချိထုတ်ဝေရေး အခမ်းအနားကို ယခုလ ၂၀ရက်နေ့က ဟနွိုင်းမြို့၌ ကျင်းပခဲ့ကြောင်း၊ ထိုပွဲတွင် တရုတ် ချင်းဟွာတက္ကသိုလ် တရုတ်ရှေးဟောင်းရိုးရာတိုင်းရင်းပညာ သုတေသနကောလိပ် ကျောင်းအုပ်ကြီး၊ နာမည်ကျော်အဘိဓမ္မာပညာရှင်ပါမောက္ခ ချွန်လိုင်သည် ဗီယက်နမ် ပညာရှင်များနှင့်အတူ တရုတ်ယဉ်ကျေးမှုနှင့် ကွန်ဖြူးရှပ်ဝါဒအကြောင်းကို ဆွေးနွေး ခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။