宋冉

တရုတ်-ဗီယက်နမ်လူငယ်များကွန်ဖြူးရှပ်ယဉ်ကျေးမှုကူးလူးဖလှယ်မှုကို ဟနွိုင်းမြို့၌ ကျင်းပ

(GMT+08:00)2019-03-25 16:08:17  

တရုတ်-ဗီယက်နမ်လူငယ်များကွန်ဖြူးရှပ်ယဉ်ကျေးမှုကူးလူးဖလှယ်ရေးလှုပ်ရှားမှုကို ယခုလ၂၄ရက်နေ့ညနေပိုင်းက ဗီယက်နမ်ဟနွိုင်းတက္ကသိုလ်၌ ကျင်းပခဲ့သည်။ ယခုအကြိမ်ကူးလူးဖလှယ်မှုသည် ဒုတိယအကြိမ် လန်ချန်း-မဲခေါင် သီတင်းပတ် လှုပ်ရှားမှုများထဲတွင် လှုပ်ရှားမှုတစ်ခုအပါအဝင်ဖြစ်ပြီး တရုတ်နှင့် ဗီယက်နမ်လူငယ်များ စုစုပေါင်း၃၀၀ခန့် ပါဝင်ကြကြောင်းစီအာအိုင်သတင်းအရသိရပါသည်။

ယခုအကြိမ်လှုပ်ရှားမှုသည် တရုတ်ကွမ်ရှီးပြည်နယ်အသံလွှင့်နှင့်ရုပ်မြင်သံကြားဌါန၊ ဗီယက်နမ် ဟနွိုင်းတက္ကသိုလ်နှင့် တရုတ်နန်နင်းဆရာအတတ်သင်တက္ကသိုလ်တို့မှ ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး ကွန်ဖြူးရှပ်ယဉ်ကျေးမှုနှင့် တေးဂီတကို ဆောင်ပုဒ်အဖြစ်ထားပါကြောင်း သတင်းရရှိပါသည်။