马宁

ဝမ်ယိသည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00)2019-03-21 15:08:09  

图片默认标题_fororder_W020190320535090401524

  တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၂၀ရက်နေ့က ပီကင်းမြို့ တျောက်ယူထိုင် ဧည့်ဂေဟာ၌ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး လိုချိန်နှင့် တွေ့ဆုံပွဲ ကို ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

  တရုတ်၊ဖိလစ်ပိုင် နှစ်နိုင်ငံ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုသည် အဆက်မပြတ် နက်ရှိုင်းလာကြောင်း၊ လက်တွေ့ကျသော အောင်မြင်မှု များစွာရရှိကြောင်း၊ ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ စူးစမ်းလေ့လာကြောင်း၊ တောင်ပင်လယ် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို လက်တွဲထိန်းသိမ်းစောင့်ရှောက်ကြောင်း ဝမ်ယိက ပြောကြားပါသည်။

  သမ္မတ ဒူတာတေအနေနှင့် လာမည့်လတွင် တရုတ်ပြည်၌ ကျင်းပမည့် ဒုတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်ရန် မျှော်လင့်ကြောင်း လိုချိန်က ပြောကြားပါသည်။